ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်အရှေ့ပိုင်းမှပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ယနေ့နံနက် ၁၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့်တွေ့ဆုံ၍ ပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင် စိုး၊ ပါတီဗဟိုကော်မတီဝင် တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် များ၊ခရိုင်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစီအစဉ်အရ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များကို မြို့နယ်အလိုက် တင်ပြ ကြသည်။

ထို့နောက် ပါတီဗဟိုအလုပ် အမှုဆောင် ဦးခင်မောင်စိုးက
နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပါတီ၏ရည်မှန်းချက်ဖြစ်သည့် ၂ဝ၂ဝ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မိမိတို့ပါတီအမာခံ များနှင့်စဉ်ဆက်မပြတ်ထိတွေ့စည်းရုံးဆောင်ရွက်ကြရန်နှင့် အရည် အချင်းမြင့်မားလာစေရေးအတွက် သင်တန်းများပေးရန် လိုအပ်ကြောင်း မိမိတို့ပါတီဝင်များထံအဆက်မပြတ်သွားရောက်တွေ့ဆုံကြရန် ဖြစ် ကြောင်း၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲများတွင် တိုင်း ဒေသကြီးပါတီမှတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ဆရာဒကာညီညွတ်အောင် ဆောင်ရွက်သွားကြဖို့လို အပ်ကြောင်း၊ ရပ်/ကျေးအခွဲများတွင်လည်း ပါတီခေါင်းဆောင်များ တိုးချဲ့တာဝန်ပေးအပ်ကြဖို့လိုကြောင်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)