ရှမိုက်ကယ်၏ စံချိန်ကို ဒီဂီယာ လိုက်မီ

လက်စတာအသင်းနဲ့ပွဲမှာ ဂိုးမပေးရအောင် လက်စွမ်းပြနိုင်ခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာဟာ အသင်းရဲ့ ဂန္ထဝင်ဂိုးသမားဖြစ်တဲ့ ရှမိုက်ကယ်ရဲ့ ပေးဂိုးမရှိတဲ့ပွဲ စံချိန်ကိုလိုက်မီသွားခဲ့ပါတယ်။ စပိန်ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲပေါင်း ၅၂၁ ပွဲမြောက်မှာ ပေးဂိုးမရှိတဲ့ပွဲ ၁၈၀ ပြည့်အောင် စွမ်းဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်ကတော့ မန်ယူအသင်းနဲ့အတူ လိဂ်ပွဲ ၃၈၆ ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ ၁၈၀ ပြည့်အောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါ။

ဒီဂီယာဟာ လက်စတာ အသင်းနဲ့ပွဲချိန် ပထမပိုင်းမှာ လက်စတာအသင်းတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဟာဗေးဘန်းစ်နဲ့ အီဟီနာချိုတို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။  ဒီဂီယာဟာ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုအသင်းကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့ကြေးယူရို ၂၅ သန်းနဲ့  ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက အသင်းဂိုးပေါက်မှာ ဦးစားပေးဂိုးသမားအဖြစ် ပွဲထွက်ခွင့် ရနေခဲ့တာလည်းဖြစ်ပါတယ်။