မော်ရင်ဟိုကို ခေါ်ယူရန် PSG ဒါရိုက်တာ ကမ်းပို့စ် ချဉ်းကပ်

PSG အသင်းဒါရိုက်တာတစ်ဦးဖြစ်သည့် လူးဝစ်ကမ်းပို့စ်သည် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကို ခေါ်ယူရန် တရားဝင်ချဉ်းကပ်မှုများပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် PSG အသင်းသည် မျှော်မှန်းထားသလောက် ရလဒ်များ မကောင်းမွန်သဖြင့် နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

PSG အသင်းသည် ပြင်သစ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသလို၊ ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို ပထမအကျော့ပွဲစဉ်တွင် အရေးနိမ့်ထားသဖြင့် အသင်းတာဝန်ရှိသူများက စိတ်ပျက်နေပြီး မော်ရင်ဟိုနှင့် အောင်မြင်မှုများရယူရန် ရည်ရွယ်နေခြင်းဖြစ်သည်။