ပီအက်စ်ဂျီမှာ ဆက်နေချင်တယ်လို့ နေမာ ပြော

ပီအက်စ်ဂျီမှာပဲ ဆက်နေချင်ပြီး သူအနေနဲ့ အသင်းနဲ့ ငါးနှစ်ကစားပြီးဖြစ်လို့ ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုတော့ဘူးလို့ နေမာ ကပြောကြားပါတယ်။ မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပီအက်စ်ဂျီ က မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုစကားလာပြောတာမရှိပေမယ့် သူ့အနေနဲ့ကတော့ ပြင်သစ်မြို့တော်မှာပဲ မက်ဆီ ၊ ဘက်ပေ တို့နဲ့အတူ ဆက်ကစားချင်တယ်လို့ ဘရာဇီးတိုက်စစ်မှူး က ပြောပါတယ်။

“ကျွန်တော် အသင်းနဲ့ ဆက်နေချင်တုန်းပါပဲ၊ အခုချိန်ထိတော့ အသင်းက ဘယ်သူကမှ ဘာမှ မပြောသေးဘူး ဆိုတော့ ကျွန်တော့်အတွက် သူတို့ အစီအစဉ်ကိုတော့ မသိဘူး။”လို့ နေမာက ဂျပန်နိုင်ငံခရီးစဉ်မှာ Urawa Reds ကို ၃-၀ နဲ့ နိုင်ပွဲအပြီးမှာ နေမာ က ပြောပါတယ်။

 “ကျွန်တော်က ဘယ်သူ့ကိုမှာ သက်သေပြဖို့မလိုပါဘူး ကျွန်တော် ကိုယ့်ဘောလုံးကိုယ်ကစားပြီး ပျော်နေဖို့ပဲ လိုပါတယ်။” လို့ နေမာ က ဆက်ပြောပါတယ်။ နည်းပြသစ် ဂေါ်တီယာ နဲ့ပတ်သက်လို့ သူ့ရဲ့ထင်မြင်ချက် ပြောဖို့ စောလွန်းနေသေးတယ်လို့ နေမာ က သတင်းထောက်တွေကိုပြောကြားပြီး ကစားသမား ဈေးကွက်ပိတ်ချိန်မှာ ဘာဖြစ်မလဲ သူ မသိဘူး လို့ နည်းပြဂေါ်တီယာ ကလည်း ဆိုပါတယ်။