Tesla က Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းလိုက်ပြီ

Tesla ရဲ့ အရာရှိတွေက ကုမ္ပဏီဟာ ဒေါ်လာ ၉၃၆ သန်းဖိုး Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းချလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ Tesla ဟာ Bitcoin မှာ ဒေါ်လာ ၁.၅ ဘီလီယမ်ဖိုး ရင်းနှီးမြှပ်နှံခဲ့ပြီး လျှပ်စစ်ကားတွေကို Bitcoin နဲ့ ရောင်းချခဲ့ပါတယ်။ Tesla ဟာ မတ်လမှာ Bitcoin နဲ့ ငွေပေးချေတာကို လက်ခံခဲ့ပြီး ၄၉ ရက်အကြာ မေလမှာ Bitcoin နဲ့ ငွေပေးချေတာကို ရပ်နားခဲ့ပါတယ်။

အခုတော့ Tesla က ဒစ်ဂျစ်တယ် ငွေကြေး ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၁၈ သန်းဖိုးပဲ ကျန်တော့တယ်လို့ ပြောပြီး အရင်ကွာတားတွေတုန်းက ဒေါ်လာ ၁.၂ ဘီလီယမ်ဖိုး ရှိခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံသူတွေနဲ့ တွေ့ဆုံပွဲမှာ Musk က Crypto တွေ ရောင်းချတဲ့ အကြောင်းကို အသိပေးခဲ့ပါတယ်။ Musk က Dogecoin ကိုတော့ မရောင်းဘူးလို့ ပြောပါတယ်။

ကားရောင်းချတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ဒီကွာတားမှာ ဒေါ်လာ ၂.၂၆ ဘီလီယမ် အမြတ်ငွေ ရတယ်လို့ ပြောပါတယ်။ ဒေါ်လာ ၃.၃ ဘီလီယမ် အမြတ်ရခဲ့တဲ့ အရင်ကွာတားထက် ၃၁ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။

Tesla က ငွေကြေးဖောင်းပွဲမှုနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် အခုလို Bitcoin နဲ့ Cryptocurrency ကို ထုတ်ရောင်းတာ ဖြစ်တယ်လို့ ပြောပါတယ်။ Elon Musk ဟာ Cryptocurrency ကို စိတ်ဝင်စားသူဖြစ်ပြီး သူ အကြိုက်ဆုံးက Dogecoin ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

Ref : theverge