ကုမ္ပဏီရဲ့ Foldable စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်မယ့် LG

Samsung ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို မကြာခင်မိတ်ဆက်သွားမယ်လို့ ကတိပြုထားပေမယ့်လည်း ပြည်တွင်းပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ LG ရဲ့ ကျော်ဖြတ်ခြင်းကို ခံရဖွယ်ရှိနေပါတယ်။ Evan Blass ရဲ့ နောက်ဆုံးပေါ် tweet အရ LG ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

၂၀၁၇ နှစ်ကုန်ပိုင်းမှာ အမေရိကန် မူပိုင်ခွင့်ရုံးက ခွင့်ပြုခဲ့တဲ့ မူပိုင်ခွင့်အရ အဆိုပါ စမတ်ဖုန်းကို Samsung ရဲ့ ခေါက်စမတ်ဖုန်းအတိုင်း horizontal ခေါက်နိုင်တယ်လို့ ဆိုပါတယ်။ ကောလာဟလ သတင်းတွေမှာလည်း LG ဟာ ခေါက်နိုင်တဲ့ tablet တွေ ဖန်တီးဖို့အတွက် ကုမ္ပဏီရဲ့ foldable OLED panel တွေကို Lenovo နဲ့ Dell ထံ ထောက်ပံ့ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် LG အနေနဲ့ လုံးဝပြီးပြည့်စုံတဲ့ ခေါက်စမတ်ဖုန်း တစ်မျိုးအတွက် အသင့်ရှိနေပြီလို့ ယူဆရပါတယ်။

Ref: GSMArena