အာဆင်နယ် တိုက်စစ်မှူးဟောင်း ဘန်တနာကို နော်တင်ဟမ်အသင်းခေါ်ယူ

arsenal

အင်္ဂလန်ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်အသင်းသည် အာဆင်နယ် တိုက်စစ်မှူးဟောင်း ဘန်တနာကို ခေါ်ယူ လိုက်ပြီဖြစ်သည်။ ဂျာမန်ကလပ် ဝုဖ်ဘတ်မှထွက်ခွာ ပြီးနောက် အသင်းလက်မဲ့နေသည့် အသက် ၂၈ နှစ်အရွယ် ဘန်တနာသည် နော်တင်ဟမ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရပြီးနောက်   နှစ်နှစ်စာချုပ် ချုပ်ခဲ့ခြင်း ဖြစ်သည်။

ဒိန်းမတ်လက်ရွေးစင်ဘန်တနာက “ကျွန်တော့်ရည်မှန်းချက်က အင်္ဂလန်ကိုပြန်လာဖို့ပါ။ ဝုဖ်ဘတ်မှာကြုံခဲ့ရတာက စိတ်မကောင်း စရာအခြေအနေတစ်ခုဖြစ်ပါတယ်။ အတိတ်မှာအမှားတွေလုပ်ခဲ့မိပေမယ့် အနာဂါတ်ကိုပဲ အာရုံစိုက်ထားပါတယ်”ဟု ပြောသည်။

ဘန်တနာသည် ဂျာမနီတွင်အဆင်မပြေသည့် ကာလတစ်ခုကိုဖြတ်သန်းခဲ့ရပြီး စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများ ကြုံရ ပြီးနောက် ထွက်ခွာခဲ့ရသည်။

သမိုင်းအစဉ်အလာကြီးမားသောအသင်းနှင့် နည်းပြ မွန်တာနီယာလက်အောက်တွင် အလုပ်လုပ်လိုသောကြောင့် နော်တင်ဟမ် ဖောရက်စ်အသင်းသို့ ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ဘန်တနာက ပြောသည်။

Ref; BBC


Leave a Reply