ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို မဂ်လာဒုံခရိုင် မင်္ဂလာဒုံ မြို့နယ် ပါတီရုံးတွင် မွန်းလွဲ (၁၄:၀၀ မှ၁၆:၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် လူငယ်များ၏ အမြင်သဘောထားများ၊ အခြားသော လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါစကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်း နိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌများ၊ ရန်ကုန်တိုင်း လူငယ် ဒုတာဝန်ခံ ဦးအောင်ပြည့်ဖြိုးနှင့် မင်္ဂလာဒုံခရိုင်အတွင်းရှိ လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးရန် စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ #မင်္ဂလာဒုံခရိုင်USDP