ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲကျင်းပ

 

ညောင်ဦး စက်တင်ဘာ ၃

မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၉နာရီခွဲက ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ညောင်ဦးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ ခရိုင်စီမံဘဏ္ဍာဒေါ်မြ သန္တာဦး၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင် ဌေး၊အတွင်းရေးမှူး ဦးအောင်ဆန်း ဦးနှင့် မြို့နယ်ကော်မတီဝင်များနှင့် သင်တန်းသားသင်တန်းသူ ၆၃ဦး တက်ရောက်ခဲ့သည်။ သင်တန်း ဆင်းပွဲတွင် ရှေးဦးစွာ ညောင်ဦး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး ညွန့်ဝင်းက အဖွင့်အမှာစကားပြော ကြားခဲ့သည်။ ဆက်လက်၍မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ကွန်ပျူ တာအတတ်ပညာသည် လူငယ် များအတွက် အရေးပါအရာရောက် သည့်အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင် စွာကိုင်တွယ်တတ်ရန်လိုကြောင်း၊ ကွန်ပျူတာပိုင်းဆိုင်ရာ အချက် အလက်များကို အသေးစိတ် ရှင်း လင်းပြောကြားပေးခဲ့သည်။
အစီအစဉ်အရ ကွန်ပျူတာ ဆရာမဒေါ်မြလေးက ကွန်ပျူတာ ၏သင်ကြားမှုနှင့် ယခုလိုသင်တန်း ဖြစ်မြောက်အောင် ဆောင်ရွက်ပေး သော ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိ သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ညောင်ဦးမြို့ သီရိမင်္ဂလာရပ်ကွက် နေ သင်တန်းသူ မနှင်းဝေဝေဦးက သင်တန်းဆရာများနှင့် သင်တန်း ဖြစ်မြောက်အောင် ဆောင်ရွက်ပေး သော ညောင်ဦးမြို့မှ ပြည်ခိုင်ဖြိုး ပါတီတာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။ နောက်ဆုံးအစီအစဉ် အရ သင်တန်းသား သင်တန်းသူများ အား ကွန်ပျူတာသင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး ဆရာ ဆရာမအားလုံး အမှတ်တရမှတ် တမ်းတင်ဓာတ်ပုံများရိုက်ခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)