သာသနာ့နုဂ္ဂဟအသင်းကြီး ဒွါဒသမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်ကျင်းပ

 

မိတ္ထီလာ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ်နန်းတော်ကုန်းရပ်ကွက်ရှိ သဒ္ဓမ္မဝံသာရုံပါဠိတက္ကသိုလ် ပရိ ယတ္တိစာသင်ကျောင်းတိုက်ကြီး မှ သြဝါဒါစရိယဆရာတော်ကြီးများကြီး မှူးသော သာသနာ့နုဂ္ဂဟအသင်း ကြီး ဒွါဒသမအကြိမ်မြောက် စာ အောင်ဆုနှင်း သဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နဂါးရုံမဟာ ဗောဓိစေတီတော်ပညာဓိက ကျောင်း ဆောင်တွင်ကျင်းပသည်။အစိုးရဓမ္မာစရိယ၊ နိကာယ်၊ ပထမပြန် မြို့နယ်ဝိနယာဒိနုဂ္ဂဟ အသင်းသဒ္ဓမ္မဝံသာရုံကျောင်းတိုက် စာမေးပွဲများသို့ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူသည့် သံဃာ တော်များမှာ အစိုးရနိကာယ်စာမေး ပွဲအပါး ၃ဝ၊ အစိုးရပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲအောင် ၂၉ ပါး၊ မြို့နယ် ဝိနယာဒိနုဂ္ဂဟစာမေးပွဲ ၂၁ ပါး၊ သဒ္ဓမ္မဝံသာရုံကျောင်းသာ သနာ့နုဂ္ဂဟစာမေးပွဲအောင် ၂၃ ပါး စုစုပေါင်း သာသနာ့အာဇာနည် ၁ဝ၄ပါးတို့အား စာအောင်ဆုလက် မှတ်နှင့်နဝကမ္မအလှူငွေများဆက် ကပ်လှူဒါန်းကြောင်း သိရသည်။

အဆိုပါ စာအောင်ဆုနှင်း သဘင်အခမ်းအနားသို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင် သင်း၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးစိုးအောင်၊ မန္တလေး တိုင်းဒေသကြီးတိုင်းပါတီအတွင်းရေး မှူးဦးအောင်ကျော်မိုး၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းတို့နှင့်အတူ မိတ္ထီလာမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးလွင်၊ အတွင်းရေးမှူးဦးချစ်ထွေး၊ မြို့နယ် ကော်မတီဝင်များ တက်ရောက်ပူ ဇော်ကန်တော့ကြပြီး မိတ္ထီလာမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များမှ နဝကမ္မအလှူ ငွေကျပ်နှစ်သိန်း၊ မိတ္ထီလာမြို့နယ် ပါတီဝင်များမှ နဝကမ္မအလှူငွေ ကျပ် ၂၆ဝဝဝဝ စုစုပေါင်း နဝကမ္မ အလှူတော်ငွေ ကျပ်၄၆ဝဝဝဝကို လှူဒါန်းကြသည်။

ဆုနှင်းသဘင်အခမ်းအနားသို့ ဌာနဆိုင်ရာများ အလှူရှင်များ ၃ဝဝ တက်ရောက်ပူဇော်ကြပြီး အခမ်းအနားကို နမောတဿသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခြင်း သဒ္ဓမ္မ ဝံသာရုံပါဠိတက္ကသိုလ် ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တÓဏိက ဆရာတာ် ထံမှငါးပါးသီလဆောက်တည်ခြင်း ဘွဲ့တံဆိပ်တော်နှင့် နဝကမ္မ အလှူ ငွေများကပ်လှူခြင်းများကိုဆောင် ရွက်ခဲ့ကြောင်း သိရသည်။

စိုးလှိုင် (ထီလာ)