ဓမ္မဝိဓူတလူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းပညာ ရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ပြည်နယ် ပါတီ ဥက္ကဋ္ဌ တက်ရောက်

တောင်ကြီးမြို့နယ်၊တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်အတွင်းရှိ ဓမ္မဝိဓူလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်သော ကျောင်းအုပ်ဆရာတော်ဝိဇာတမွေးနေ့မင်္ဂလာနှင့် ပညာရေးစုံညီ ပွဲတော်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးစိုင်းလုံကျော်က တက်ရောက်၍ အမှာစကားပြောကြားခြင်း၊ထူးချွန်ဆုရရှိသော ကျောင်းသား/သူ များ အား ဆုချီးမြှင့်ခြင်း၊ ပညာရေးရန်ပုံငွေပဒေသာပင်အတွက် အလှူငွေ(၁ သိန်း)ကျပ်ပေးအပ်လှူဒါန်းခြင်း နှင့် ဖျော်ဖြေရေး အစီအစဉ်များအား ကြည့်ရှုအားပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  တောင်ကြီးမြို့နယ် ပါတီ​ဥက္ကဌနှင့်ကော်မတီဝင်များ၊ ရတနာသီရိရပ်ကွက်ပါတီကော်မတီဥက္ကဌနှင့် ကော်မတီဝင် များလည်း တက်ရောက်ခဲ့ကြပါသည်။