ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပဲခူးစက်မှုဇုံအတွင်းရှိ စက်ရုံအလုပ်သမားများနှင့်တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမင်းခန့်ကျော်နှင့် မြို့နယ်ပါကော်မတီဝင်များသည် နိုဝင်ဘာလ ၂၃ ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့ စက်မှုဇုံအတွင်းရှိ စက်ရုံ တာဝန်ရှိသူများ စက်ရုံအလုပ်သမားများနှင့်CICအထည်ချုပ်စက်ရုံသို့သွားရောက်၍တွေ့ဆုံခဲ့သည် ။ ရှေးဦးစွာ မြို့နယ်ဥက္ကဌနှင့်ပါတီတာဝန်ရှိသူများသည် စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စက်ရုံ၏ အခြေနေလုပ်ငန်းကိစ္စရပ်များ ၊ အလုပ်သမားအခွင့်အရေးဆောင်ရွှက်ပေးနေမှု ၊ စက်ရုံ၏ ကုန်ထုတ်လုပ် နိုင်စွမ်းများအား ရှင်းလင်းလင်းပြောကြားခဲ့သည် ။ ရှင်းလင်းချက်များမှ သိလိုသည့် အချက်အလက်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၏အလုပ်ရေးရာကဏ္ဍမူဝါဒများ ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအားပြန်လည် ဆွေးနွေးပြောကြားခဲ့ပြီး စက်ရုံအတွင်းရှိ လုပ်ငန်းခွင် အတွင်း အလုပ်သမားများ လုပ်ငန်းများဆောင်ရွှက်လုပ်ဆောင်နေမှုများအား လှည့်လည် ကြည့်ရူ ခဲ့ပြီး လုပ်ငန်းခွင်လုပ်ဆောင်နေရမှုများအား မေးမြန်း နှုက်ဆက်စကားပြောကြားခဲ့သည် ။ အဆိုပါ CIC စက်ရုံသည် ဆေးရုံသုံးဝတ်စုံများအား မြန်မာနိုင်ငံတွင်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့တင်ပို့ ဖြန့်ဝေနေပြီး အဆိုပါစက်ရုံတွင်စက်ရုံအလုပ်သမား အင်အား (၁၅၀၀) ကျော်လုပ်ကိုင်နေကြောင်း သိရသည် ။