ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာတမ်းဖတ်ပွဲ ဒဂုံမြို့နယ်တွင်ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒဂုံမြို့နယ်၏ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧည့်သည် တော်များဖြစ်ကြသော ပထမ အကြိမ် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ပထမအကြိမ် တိုင်း ဒေသကြီးဝန်ကြီးဦးဥာဏ်ထွန်းဦး၊ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်း သင်းမိုးနှင့်ဗဟိုကော်မတီဝင်ဦးတင် ဝင်း၊ ခရိုင်ကော်မတီဝင် ဒေါ်စန်း စန်းဝင်း(၁) ဒေါ်စန်းစန်းဝင်း(၂)မြို့ နယ်ပါတီဥက္ကဋ္ဌဦးကျော်ခင်၊ ခေတ္တ အတွင်းရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ် နှင့်ရပ်ကွက်များမှအမျိုးသမီးကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

အစီအစဉ်အရ ခရိုင်ပါတီ ကော်မတီဝင်ဒေါ်အိအိလှိုင်က ဗဟို အမျိုးသမီးညီလာခံကြိုဆိုထောက်ခံ ပွဲကျင်းပရခြင်းအကြောင်းပြောကြား ပြီးတက်ရောက်လာသည့် အမျိုး သမီးအဖွဲ့များကစာတမ်းလေးစောင် အား ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အိအိလှိုင်