မာဃဆွမ်းလောင်းအသင်းမဟာဘုံကထိန်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်အားပေး

လားရှိုး နိုဝင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေနှင့် လားရှိုးမြို့ အမှတ်(၁) ရပ်ကွက် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများမှ ဦးဆောင်ဖွဲ့စည်း ထားသော မာဃ ဆွမ်းလောင်း အသင်း၏ မဟာဘုံကထိန်လှူဒါန်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၈)၊ ရဲဘော်ဟောင်းကျောက်တောင် အတွင်းရှိ ဓမ္မဝိဟာရ ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

အဆိုပါကထိန်အလှူပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း ဦးဆောင်သော ပြည်နယ်ပါတီဝင်များ၊ လားရှိုး ခရိုင်ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ လားရှိုးမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ မိမိပါတီရပ်ကျေးစည်းရုံးရေးမှူးများ စုံညီစွာ တက်ရောက်အားပေးခဲ့ကြပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်နယ်ပါတီအတွင်းရေးမှူးဦးဆောင်သော အဆိုပါအဖွဲ့သည် ရပ်ရွာလူမှု့ရေး ဘာသာရေးအဖွဲ့ခေါင်းဆောင်များနှင့် တစ်ရင်းတစ်နှီးတွေ့ဆုံပြီး ဒေသခံပြည်သူများ၏ အခက်အခဲများကို ညှိနိုင်း ကူညီဆောင်ရွက်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းပေးခြင်းအပါအဝင် (ပန်းခင်စီမံချက်)၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရွှေ့ပြောင်း အခြေချနေထိုင်သူများအား အိမ်ထောင်စု ရရှိနိုင်ရေး မိမိပါတီ ရပ်ကွက်စည်းရုံးရေးမှူးများနှင့် ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ဒေသခံခေါင်းဆောင်များအားလည်း လက်ရှိနိုင်ငံတော်၏ အခြေအနေများကို ပြည်သူလူထုမှ အမှန်အတိုင်း သိရှိကြစေရန် ပြောဆိုဆွေးနွေးခဲ့ကြပါသည်။