ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှော်ဘီခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင်ရုံး၌ ‎လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လည် ၁နာရီတွင်  ကျင်းပပါသည်။

အခမ်းအနားတွင် မှော်ဘီခရိုင်ဥက္ကဌ ဦးအေးလွင်မှ နှုတ်ခွန်းဆက်စကားနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များအား ပြောကြားရှင်းလင်းကာ ခရိုင်အတွင်းရေးမှူး ဦးသန်းလွင်မှ ခရိုင်အတွင်းရှိ မြို့နယ်များ၏ အခြေအနေများနှင့် လုပ်ဆောင်နေသည့်လုပ်ငန်းတာဝန်များကို တင်ပြဆွေးနွေးပါသည်။

ဆက်လက်ပြီး တက်ရောက်လာသော ခရိုင် ကော်မတီဝင်များမှ အကြုံပြုဆွေးနွေးခဲ့ကြပြီး အခမ်းအနား ကို နေ့လည် ၂နာရီ  အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။