မုဒိတာပရဟိတ လူမှုကူညီရေးအသင်း၏ (၃)နှစ်ပြည့် အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်အားပေး

လားရှိုး နိုဝင်ဘာ ၈

၂၀၂၂ ခုနှစ်၊ နိုဝင်္ဘာလ(၈) ရက်နေ့ နံနက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း ဦးဆောင်သော ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၇) ရပ်ကွက်တွင်ရှိသော မုဒိတာပရဟိတ လူမှု့ကူညီရေးအသင်း၏ (၃)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်အားပေးပြီး ပရဟိတအသင်းအတွက် အလှူငွေများ ချီးမြှင့်ထောက်ပံ့ ပေးခဲ့ကြပါသည်။