ရေဘေးသင့်ပြည်သူများအား ပြည်ကြီးတံခွန် ပြည်ခိုင်ဖြိုးပါတီမှ တစ်နပ်စာထမင်းနှင့် ဟင်း စတုဒိသာကျွေးမွေး

မိုးရွာသွန်းမှုများပြား၍ မိုးရေ ဝင်ရောက်ကာ ရေဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ သင်ပန်းကုန်းရပ်ကွက် နေ ရေဘေးသင့်ပြည်သူများအား ပြည်ကြီး တံခွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်၍ တစ်နပ်စာ ထမင်းနှင့်ဟင်း စတုဒိသာအဖြစ် သြဂုတ် (၂၂) ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျွေးမွေးလှူဒါန်းခဲ့သည်။

”ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ မိုးရွာသွန်းမှုများခဲ့လို့ အနိမ့် ပိုင်းကျတဲ့ရပ်ကွက်တွေမှာ မြောင်း ရေ၊ ချောင်းရေလျှံတာတွေ ဖြစ်ခဲ့ ပါတယ်။ မြို့ထဲကရပ်ကွက်တွေ မှာ ရေကျတာ မြန်ပေမယ့် မြို့စွန် ပိုင်းကျတဲ့ ဒီရပ်ကွက်တွေမှာက ရေက တော်တော်နဲ့မကျတော့ ရပ်ကွက်နေပြည်သူတွေအတွက် နေရေးထိုင်ရေး စားရေးသောက်ရေးတွေမှာ အခက်အခဲတွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ခုလို ပြည်သူ တွေအခက်အခဲဖြစ်နေရတဲ့အချိန် မှာ ကျွန်တော်တို့ပါတီအနေနဲ့လည်း တတ်နိုင်သလောက် ပါဝင်ကူညီတဲ့အနေနဲ့ စတုဒိသာ ကျွေးမွေး လှူဒါန်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ သဘာဝဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ အကူအညီတွေပေးသွားမှာပါ” ဟု စတုဒိသာကျွေးမွေး လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ မန္တလေးခရိုင်ပါတီ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်းက ရှင်းလင်း ပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ်မှ ဆန်တစ်တင်းခွဲ လေးလုံး၊ ကြက်သား ပိဿာချိန် ၂ဝ၊ ကျောက်ဖရုံသီး အလုံး ၁ဝဝ၊ ငရုတ်သီးကြော် သုံး ပိဿာ၊ သရက်ချဉ် ၁ဝ ပိဿာ တို့ကို ချက်ပြုတ်ကာ ရပ်ကွက်နေ ပြည်သူများအား ထမင်း၊ ကြက်သားသပြွန်းဟင်း၊ ငရုတ်သီးကြော် ချက်၊ သရက်ချဉ်သုပ်များဖြင့် စတုဒိသာ ကျွေးမွေးခြင်းများကို လှူဒါန်းဆောင်ရွက်ခဲ့ရာသို့ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော် စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော် မတီ ဝင်များ၊ ပါတီဝင်လူငယ်မောင် မယ်များ၊ရပ်ကွက်လူမှုရေးအသင်း မှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၇ဝခန့်က လုပ်အားဒါန ကူညီအားပေးမှုများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


Leave a Reply