မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် ရပ်ကွက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်။ ။နိုဝင်ဘာ (၉)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၉.၁၁.၂၀၂၂)နေ့လည်(၂:၀၀) က မြို့နယ် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန် ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့် ကော်မတီဝင် တက်ရောက်ကြပြီး ဆက်လက် ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် ရပ်ကွက်အလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ (၃:၂၀)တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။