ပြည်ထောင်စုကြံ့ခိုင်ရေးနှငိ့ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်းအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှငိ့ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်းအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ HE. Mr. Hideo Watanabae ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲက ဖေဖော်ဝါရီလ (၂၂)ရက် နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချု ပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

 

ယင်းသို့တွေ့ဆုံရာတွင်ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီတိုပူးပေါင်းဆောင်ရွက်ရေး၊ချစ်ကြည်ရင်းနှီးမူ့တိုးမြှင့်ရေး၊နိုင်ငံနှင့်ပြည်သူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအတွငိးရေးမှူး ဦးပိုက်ထွေး ဗဟိုအလုပ်မူ့ဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင် နှင့် ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ H.E. Mr. Hideo Watanabae နှင့်အတူ အဖွဲ့ဝင် (၃) ဦး တက်ရောက်ကြောင်းသတင်းရှိပါသည်။