သင်္ဃန်းကျွန်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက် ယနေ့နံနက် ၉:၀၀ နာရီအချိန်က သင်္ဃန်းကျွန်း မြို့နယ် ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ စတင်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ အရံဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းထိုက်နှင့် သင်္ဃန်းကျွန်းခရိုင် ပါတီဥက္ကဌ ဦးကျော်သီဟတို့မှ ခရိုင်ပါတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များ ပက်ဖျက်ဖြန်းခဲ့ကြပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရံဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းထိုက် သင်္ဃန်းကျွန်းခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ မြို့နယ်ပါတီဥက္ကဌများ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီခေါင်းဆောင်များနှင့် အမာခံပါတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ အင်အား (၅၀) ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။