မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်

 

၃၁.၅.၂၀၁၈ နေ့တွင် မာန်အောင်မြို့ မြို့သစ်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အသစ် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် ကော်မတီဝင်များမှ ပါတီဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ ပါတီဝင်သစ်(၃၀)ဦး၏ အဆိုပြုလွှာများကို ရပ်/ကျေးပါတီအဖွဲ့ဝင်ဒေါ်ခင်လှကြည်မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်ထံသို့ ပေးအပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များတပ်ဆင်ခဲ့ကြသည်။
TM