ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေး ဇီးကုန်းတွင်ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ဇီးကုန်းမြို့နယ်တွင် ယနေ့ နံနက် ၉နာရီက တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြင့်လွင်ဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုင်းအောင်လှိုင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလွင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်၊ ကျေး စည်းရုံးရေးမှူးများနှင့် ဒုစည်းရုံးရေးမှူးများ တက်ရောက်ကြပြီး ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏လစ်လပ်လျက်ရှိသော မြို့နယ်ပါတီအတွင်းရေးမှူးနေရာနှင့် မြို့နယ်ကော်မတီဝင် နေရာတို့ကို ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြသည်။

ကြားဖြတ်ရွေးချယ်ပွဲတွင် မြို့နယ်ကော်မတီဝင် ဒေါ်နှင်းအိအိဝင်းက မြို့နယ်အတွင်းရေးမှူး အဖြစ် တင်မြှောက်ခံရပြီး ဘုရားကြီးကုန်းအုပ်စု ကိုမင်းဇော်ဦးကဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ် ခံရကာစည်းရုံးရေးမှူးဦးဇော် မင်းထွန်းက မြို့နယ်ကော်မတီဝင်အဖြစ် ရွေးချယ်ခံရ ကြောင်းသိရသည်။ ကြားဖြတ်ရွေးချယ်ပွဲကို နံနက် ၁၁နာရီတွင်ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ ပြီးနောက်    ကြားဖြတ်ရွေးချယ်ပွဲဂုဏ်ပြုနေ့လယ်စာစားပွဲသို့ ဗဟိုအတိုင်ပင်ခံသီရိပျံချီ ဦးဥာဏ်ဝင်းတက်ရောက်အားပေးကာ အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ပါတီဝင်များကို ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ကာအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

စိုးသစ္စာ+တင့်ဆွေ(ဇီးကုန်း)