ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ၏ ရုပ်ကလာပ်အား ဖူးမြော်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ေ ရာက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ပါတီဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြိတ်မြို့နယ် ကျွဲကူးကျေးရွာ၌ ယခုလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသော ကျွဲကူးတောရ (၁ဝ၁) တပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒော ဘာသသက်တော် (၁ဝ၅)နှစ်၊ သိက္ခာတော် (၈ဝ) ဝါမထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပရာ ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်၏ ရုပ်ကလာပ်အား ဖူးမြော်ကြည်ညို ကန်တော့ကြပြီး ပါတီဗဟို အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက စုပေါင်း အလှူငွေများ ထည့်ဝင်လှူဒါန်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်လင်း(မြိတ်)