ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦးတိပိဋကဓမ္မပါလကျောင်းတိုက် ပဓာနနာယက ဆရာတော်အား လှူဘွယ်ပစ္စည်းများလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ​ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးတို့သည် စစ်ကိုင်းတိုင်းဒေသကြီးပါတီတာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉၄၅ အချိန်မှ ၁၀၄၅ အချိန်ထိ ” မုံရွာမြို့ ရန်ကင်းပရိယတ္တိ စာသင်တိုက်နှင့် ရွှေတောငဦးတိပိဋကဓမ္မပါလကျောင်းတိုက် ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးဖောင်ဒေးရှင်းဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဝံသ ” ဆရာတော်အရှင်သူမြတ်အား သွားရောက် ဖူးမြော်ပြီး လှူဘွယ်ဝတ္ထုငွေနှင့် သင်္ကန်းခြင်းအပါ လှူဘွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်း ကာ သြဝါဒစကားနာကြားခဲ့ပါသည်။