ဥရောပနည်းပြဖိုရမ်ကို မန်ယူနည်းပြ တန်ဟတ်ဂ် တက်ရောက်

မန်ယူအသင်းနည်းပြတန်ဟတ်ဂ်ဟာ ရော်နယ်ဒိုနဲ့ ပြဿနာ တက်နေပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်က ကျင်းပတဲ့ နည်းပြဖိုရမ်ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးရော်နယ်ဒိုဟာ နည်းပြတန်ဟတ်ဂ်ကို လေးစားမှုမရှိကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့တာဖြစ်ပြီး နည်းပြတန်ဟတ်ဂ်ကလည်း သူ့အပေါ်  လေးစားမှုမရှိကြောင်း စွပ်စွဲခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်အနေနဲ့ ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ရမယ့်အချိန် ရောက်ရှိနေပေမယ့် ဥရောပနည်းပြဖိုရမ်ကို အပြုံးတွေနဲ့ တက်ရောက်ခဲ့ပါတယ်။

တန်ဟတ်ဂ်ဟာ လည်ပင်းထိရှည်တဲ့ဆွယ်တာ အင်င်္ကျီဝတ်ဆင်ထားပြီး အခမ်းအနားမှာ ပြုံးရွှင်စွာနဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

ဥရောပဖိုရမ်မှာ နည်းပြတန်ဟတ်ဂ်နဲ့အတူ ဘင်နီတက်ဇ်၊ ဒေးဗစ်မိုယက်စ်၊ အန်စလော့တီနဲ့ သောမက်စ်တူချယ် တို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။