မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ၂.၆ ဘီလီယံကျော်ရှိ

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှုတန်ဖိုးဟာ အခုဘဏ္ဍာနှစ် ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံကျော်ဖိုးရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကသိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအလိုက် ကုန်သွယ်မှုတန်ဖိုးတွေကို ကြည့်မယ်ဆိုရင် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းကနေ ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်ပါတယ်။

ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဒေါ်လာ ၁၁၆ သန်း၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒေါ်လာ ၈၉ သန်း၊ မြိတ်နယ် စပ်ကုန်သွယ်ရေး စခန်း ကနေ ဒေါ်လာ ၆၃ သန်းနဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒေါ်လာ ၆ သန်း ကုန်သွယ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို နယ်စပ် ကုန်သွယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  onenews