အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များ ပိတ်သိမ်းမည်ဖြစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား ပြင်ဆင်ရန် ထုတ်ပြန်

အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များ ပိတ်သိမ်းမည်ဖြစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား ပြင်ဆင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးမှုဌာနက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

SIM Card များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပြီး  အချက်အလက် မှန်ကန်စွာဖြည့်စွက် ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးမှုဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့် အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ် တို့ကို မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ရန် အသိပေးနှိုးဆော်ကြောင်း သိရသည်။

ဆက်လက်၍ မိမိတို့၏ အမည် / နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ မှန်မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ Atom အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေး နိုင်ကြောင်း သိရသည်။

ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။