မလေးရှားတွင် ရွေးကောက်ပွဲမူဝါဒကြေညာစာတမ်း ထုတ်ပြန်

မလေးရှားအတိုက်အခံခေါင်းဆောင်နဲ့ ပက်ကာတန် ဟာရာပန် မဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်လောင်း မစ္စတာ အန်ဝါအီဘရာဟင်မ်က စီးပွားရေးတိုးတက်မှု နဲ့ ကောင်းမွန်းတဲ့ အစိုးရတစ်ရပ်ဖော်ဆောင်ရေးကို အဓိကထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒတစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကလို အခုလာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ဆက်လက်အနိုင်ရရှိဖို့ အန်ဝါက မျှော်မှန်းထားတာပါ။ မစ္စတာအန်ဝါဟာ “ငါတို့လုပ်နိုင်တယ်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ကတိပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ကြဉ်းနိုင်ဖို့အတွက် သူရဲ့ မဟာမိတ် အင်အားစုကို မဲပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယာကော့ဘ်က  ရွေးကောက်ပွဲ စောကျင်းပဖို့အတွက် အောက်တိုဘာ ၁၀ ရက်က ပါလီမန်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် မလေးရှားရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၉ ရက်မှာ တစ်နိုင်ငံလုံး ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ကြေညာခဲ့ပါတယ်။