ထရန့်၏ မိန့်ခွန်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ တုံ့ပြန်

နယူးယောက် စက်တင်ဘာ ၂ဝ

နယူးယောက်မြို့တွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ထရန့်ပြောကြားခဲ့သည့် မိန့်ခွန်းကို အီရန်နှင့်ဗင်နီဇွဲလားနိုင်ငံတို့က တုံ့ပြန်ပြောဆို ခဲ့ကြကြောင်း သိရသည်။

ထရန့်က အီရန်သည် ၄င်း၏နျူကလီးယား အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက် အဖွဲ့အစည်းများကို ကူညီအားပေးလျက် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေ ကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

အီရန်နှင့် က္ဘာ့အင်အားကြီး ခြောက်နိုင်ငံအကြား ချုပ်ဆိုထားသောစာချုပ်မှာ ကသိကအောက်ဖြစ်စေသည့် စာချုပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်က ထရန့်၏ အမုန်းစကားများသည် အလယ်ခေတ်က သုံးနှုန်းခဲ့ သည့်စကားမျိုးသာဖြစ်ပြီး ၂၁ ရာစုတွင် အကျုံးမဝင်တော့ ကြောင်းနှင့် ခွန်းတုံ့ပြန်ပြောဆိုရန် မထိုက်တန်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အီရန်သမ္မတ ဟာဆန်ရိုဟာနီသည် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် ညီလာခံအတွင်း ထရန့်အစိုးရအဖွဲ့၏ သဘောထား တင်းမာသည့်ရပ်တည်မှုကို ရှုတ်ချရန်နှင့် နျူကလီးယား သဘောတူစာချုပ်ကို လိုက်နာမှု ရှိကြောင်း အခိုင်အမာ ပြောကြားသွားရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ဂျော့အရီယာဇာကမူ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မဒူရိုအား ထရန့် ၏ ဝေဖန် ပြစ်တင်မှုများကို ကဲ့ရဲ့ရှုတ်ချခဲ့သည်။ ထရန့်သည်မဒူရိုအား အာဏာရှင်စနစ်ကို သွတ်သွင်း ရန်ကြိုးစားနေ သည်ဟု စွပ်စွဲခဲ့သည်။

(အင်န်အိတ်ခ်ျကေ)