ထိန်းသိမ်းခံ မလေးရှားရောက် မြန်မာလုပ်သား ၁၃၈ဦးကို တပ်မတော်စရိတ်ဖြင့် ပြန်လည်ခေါ်ယူ

မလေးရှားနိုင်ငံရှိ အကျဉ်းစခန်း ၁၁ခုတွင် ထိန်းသိမ်း ခံထားရသော မြန်မာနိုင်ငံသား ၄၀၀ ကျော်အား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုကစင်း လုံးငှားလေယာဉ်ဖြင့်ခေါ်ဆောင်ရာ ပထမဆုံးအသုတ်အဖြစ် လုပ်သား ၁၃၈ဦး ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညှိနှိုင်းမှုအစီအစဉ်ဖြင့် အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနစသည့်ဝန်ကြီးဌာနသုံးခု နှင့် ကမ္ဘောဇအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) တို့ ပူးပေါင်း၍ မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံရပြီး နေရပ်ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင် သူများအားလုံး ပြန်လည်ခေါ်ဆောင်ရေးအစီအစဉ်ကို သြဂုတ် ၈ ရက်တွင် စတင်ခြင်းဖြစ်သည်။

သြဂုတ် ၁၇ရက်တွင် ပြန် လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုက လေယာဉ်စရိတ်အကုန်အကျခံကာ ပြန်ခေါ်ခြင်းဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်း (MAI) ဈေးကွက် မန်နေဂျာဒေါ်အေးမရသာက ပြောသည်။

‘‘ဒီနေ့ ပြန်ရောက်တာတော့ တပ်မတော်က အလှူလုပ်ပြီးပြန် ခေါ်တာပါ။ သူတို့က လေယာဉ် စရိတ်ဖိုးပေး တာပါ။  ၁၉ရက်နေ့ မှာ နောက်တစ်ခေါက်ထပ်ခေါ်ပါ ဦးမယ်။ MAIအနေနဲ့က လူတစ်ယောက်ကို ပြန်စရိတ်အဖြစ် ကျပ် တစ်သိန်းစီထပ်ပေးဦးမှာပါ’’ဟု ဒေါ်အေးမရသာက ပြောကြားသည်။

မလေးရှားနိုင်ငံရှိ အကျဉ်းစခန်း ၁၁ခုတွင် ထိန်းသိမ်းခံထားရ သော မြန်မာနိုင်ငံသားများအနက် နေရပ်ပြန်ရန် အခက်အခဲရှိသူ ၄၀၀ ကျော်အား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ စိတ်စေတနာအရ မြန်မာ့ တပ်မတော်၏ အစီအစဉ်ဖြင့် သြဂုတ်တတိယပတ်အတွင်း MAI စင်းလုံးငှားလေယာဉ်ဖြင့် အခမဲ့သုံး ခေါက် ခေါ်ယူ မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်သည်။

မလေးရှားနိုင်ငံရှိ အကျဉ်းစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၂,၂၉၄ ဦးကို ပြန်လည် ခေါ်ဆောင်ရေးအစီအစဉ်စတင်ရာ သြဂုတ် ၈ရက်တွင် အစိုးရ၏ အခမဲ့အစီအစဉ်ဖြင့် ၁၃၈ဦး ရောက်ရှိလာပြီး သြဂုတ် ၁၂ရက်၌ ပြင်ပအလှူရှင်များ၏ အစီအစဉ်ဖြင့် ၁၃၈ဦး စုစု ပေါင်း ၂၇၆ဦး ပြန်ရောက်ရှိလာခဲ့ သည်။

အကျဉ်းစခန်းများတွင်ထိန်း သိမ်းခံရသူများအနက် လေယာဉ်စရိတ်မရှိသော မြန်မာနိုင်ငံသား ၈၀ဦးကို အလှူရှင် များ၏ ကူညီမှုဖြင့် သြဂုတ် ၅ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သံအမတ်ကြီး ဦးဇော်မြင့်ကပြောသည်။ ထို့ အပြင် မလေးရှားနိုင်ငံ ပီနန်ဘာတာဝပ်နယ်မြေတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးနှင့် သက်သေအဖြစ် ထိန်းသိမ်းခံရပြီး ဇူလိုင် ၂၅ရက်က ပြန်လွှတ်ပေးလိုက်သော မြန်မာလုပ်သား ၁၅ ဦး အနက်မှ ကိုးဦးကိုလည်း သြဂုတ် ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့ကြောင်း သံအမတ်ကြီး ဦးဇော်မြင့် ကပြောသည်။

မလေးရှားအကျဉ်းစခန်း ၁၁ ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာနိုင်ငံသား များအနက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးက ၂၀၁၆ ဇွန်လအထိ ၁၀,၉၁၄ဦးပြန်လည်ပို့ဆောင်ခဲ့သည်။

7 Day Daily


Leave a Reply