ရခိုင်ပြည်နယ်တွင် ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ကြားပေးမည်

13876165_1313139572047065_4494727616916153453_n

ယခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာကို ဆက်လက်သင်ယူနိုင်ခြင်း မရှိသည့်သူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း MOI မှ သိရသည်။

စစ်တွေမြို့တစ်မြို့တည်းတွင်သာ စတင် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းပြင်ပအလယ်တန်း ပညာရေး အား ယခုနှစ်မှစတင်ခြင်းဖြစ်သည့်အတွက် အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ရခိုင် ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းကပြောသည်။ အဆိုပါ အစီအစဉ်မှာ အကြောင်း အမျိုးမျိုးကြောင့် စာသင် ကျောင်းများသို့ ပညာသင်ကြားနိုင်ခြင်းမရှိသည့် ကလေးငယ်များအတွက် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ် ဖြင့် ပညာသင်ယူခဲ့သူများသည် အစိုးရကျောင်းများတွင် ပဉ္စမတန်း မှ တက္ကသိုလ် ဝင်တန်းအထိ ပညာဆက်လက်သင်ယူ နိုင်ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်အား မြို့နယ် ငါးမြို့နယ်တွင် အကောင်အထည် ဖော်ခဲ့သည့် အပြင် ယခုအချိန်တွင် ရခိုင်ပြည်နယ်တွင် ကျောင်းသားကျောင်းသူ ခုနှစ်ရာကျော် တက်ရောက်နေကြောင်း သိရသည်။


Leave a Reply