မုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့်သတ်မှတ်ထား

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုး/ဇလက ထုတ်ပြန်ပါတယ်။ ဒီကနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလား ပင်လယ် အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဆက်လက် တည်ရှိနေပါတယ်။
မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်လောက်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်လောက်၊ စစ်တွေမြို့ တောင်-အနောက် တောင်ဘက် ရေမိုင်(၇၁၀)မိုင်လောက်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်းရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်လောက်၊ ပို့ပလဲယားရဲ့ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်လောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်လောက် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ တယ်။
မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိတာကြောင့် လိမ္မော်ရောင် အဆင့်သတ်မှတ်ထားတယ်လို့ မိုး/ဇလ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။ မုန်တိုင်းငယ်ဟာ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန်က မြောက်လတ္တီကျု(၈.၉)ဒီဂရီနဲ့ အရှေ့လောင် ဂျီကျု(၈၈.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၃၅)မိုင်နှုန်းလောက် ဖြစ်တယ်လို့ မိုး/ဇလကထုတ်ပြန်ထားပါတယ်။