4K 120Hz မျက်နှာပြင် ပါတဲ့ Redmi Gaming TV X Pro ကို ကြေညာ

ဂိမ်း ကစားလို့ကောင်းအောင်  ဖန်တီးထားတဲ့ Gaming စမတ်ဖုန်းတွေအပြင် အခုဆိုရင် Gaming TV တွေပါ ထွက်ပေါ်လာပါပြီ။ Xiaomi က Redmi Gaming TV X Pro ကို ကြေညာလိုက်ပြီး ၆၅ လက်မနဲ့ ၇၅ လက်မ ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းက ၄၁၄ ဒေါ်လာနဲ့ ၅၉၅ ဒေါ်လာ အသီးသီး ရှိပါတယ်။

Gaming TV ဖြစ်တဲ့အတွက် 120Hz Refresh Rate နဲ့ 120Hz MEMC တွေ ထောက်ပံ့ထားပါတယ်။ 4096 Level Brightness ထုတ်လုပ်ပေးနိုင်ပြီး Variable Refresh Rate ပါပါတယ်။ Variable Refresh Rate က ဂိမ်း ကစားလို့ ချောမွတ်အောင် Screen Refresh Rate ကို အလိုလို ချိန်ညှိပေးနိုင်ပါတယ်။

Redmi Gaming TV X Pro မှာ 3840x2160p Resolution , 94% DCI-P3 Wide Color Gamut , 1.07 Billion Color Display , Dolby Vision , Dolby Atmos တွေ ထောက်ပံ့ထားပါတယ်။ စမတ် TV က ဂိမ်း ဖွင့်လိုက်တာနဲ့ Low Latency Mode ကို အလိုလို ပြောင်းပေးနိုင်ကာ မလိုအပ်တဲ့ Function တွေကို ပိတ်ပေးပါတယ်။

TV မှာ Quad-core A73 Chip , 3GB RAM , 32GB Storage ထည့်သွင်းထားပြီး ဂိမ်းစက်၊ လက်ကိုင်ဂိမ်းစက်၊ ပီစီတွေနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ Cloud Gaming ထောက်ပံ့ထားပြီး ဂိမ်းပေါင်း ၄၀ ကျော်ကို Download မလုပ်ဘဲ ကစားနိုင်ပါတယ်။

TV မှာ HDMI 2.1 , HDMI 2.02, USB 2.02 , Network Cable Port , AV Input Port တွေ တပ်ဆင်ထားပါတယ်။

Ref : gizmochina