Message, Facebook, Messenger စသည်တို့မှ သွေးထိုးလှုံ့ဆော်သည့်သတင်းဖြန့်ဝေမှုများရှိလာပါက ဆက်သွယ် သတင်းပေးရန်အသိပေး

Message, Facebook, Messenger စတာတွေကနေ သွေးထိုးလှုံ့ဆော်တဲ့ သတင်းဖြန့်ဝေမှုတွေ ရှိလာပါက ဆက်သွယ်သတင်းပေးဖို့ အသိပေးကြေညာ ထားပါတယ်။

မတူညီတဲ့ လူ့အဖွဲ့အစည်း နှစ်ရပ်အကြားမှာ တယ်လီဖုန်း Message တွေ၊ Facebook နဲ့ Messenger တွေကနေတစ်ဆင့် သွေးထိုးလှုံ့ဆော်တဲ့ သတင်းတွေဖြန့်ဝေတာမျိုး မပြုလုပ်ကြဖို့နဲ့ ဖြန့်ဝေပေးပို့မှု လာမှုတွေ ရှိရင် ပေးပို့လာသူတွေကို တာဝန်ရှိသူတွေထံ ဆက်သွယ်သတင်းပေးကြဖို့ အသိပေးထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ အထိတ်တလန့်ဖြစ်စေတဲ့ အဲဒီလုပ်ရပ်တွေကို လူ့အဖွဲ့အစည်းနှစ်ရပ် လုံးကနေဆောင်ရွက် တယ်လို့ယူဆကြောင်း၊ အဲဒီလိုသွေးထိုး လှုံ့ဆော်မှုဆောင်ရွက် သူတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာလ ၉ ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများထံကို တယ်လီဖုန်း Message တွေ၊ Facebook နဲ့ Messenger တွေကနေ တစ်ဆင့် စက်တင်ဘာလ ၁၁ ရက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတိပေး သွေးထိုး လှုံ့ဆော်မှုတွေ ဖြန့်ဝေနေတာကို သိရှိနေရကြောင်း၊ နိုင်ငံတော် အစိုးရအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းကြားသိချိန်ကနေ စတင်ပြီးအများပြည်သူတွေကို သတိပေး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တစ်ဖက်ကလည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-ထွန်းထွန်း