108MP ကင္မရာ ပါတဲ့ ေဈးခ်ိဳတဲ့ Redmi Note 13 ကို ေၾကညာ

Xiaomi က တ႐ုတ္မွာ Redmi Note 13 Series ကို ေၾကညာလိုက္ၿပီး အားလုံးထဲမွာ တန္ဖိုးအနည္းဆုံး Redmi Note 13 ကို ေျပာျပခ်င္ပါတယ္။
Redmi Note 13 မွာ ၆.၆ လက္မ OLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး 120Hz Refresh Rate ေထာက္ပံ့ထားပါတယ္။ FHD+ Resolution နဲ႔ 1000 Nits Peak Brightness ပါပါတယ္။ ပါဝါခလုတ္ေအာက္မွာ လက္ေဗြရာ ကိရိယာျမႇပ္ႏွံထားပါတယ္။
အေနာက္ဘက္က စတုရန္း ကင္မရာ Island မွာ 108MP Main, 2MP Depth ကင္မရာ ၂ လုံး တပ္ဆင္ထားၿပီး ဆဲလ္ဖီး ကင္မရာက 16MP ျဖစ္ပါတယ္။
MediaTek Dimensity 6080 SoC ေမာင္းႏွင္ထားပါတယ္။ Android 13 အေျချပဳ MIUI 14 ေမာင္းႏွင္ထားၿပီး 67W Charging ေထာက္ပံ့တဲ့ 5,100mAh Battery ပါလာပါတယ္။ Star Sand, Midnight dark နဲ႔ Time blue အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။
6/128GB, 8/128GB , 8/256GB နဲ႔ 12/256GB Version ေတြ ထုတ္လုပ္ထားၿပီး ၁,၁၉၉ ယြမ္ (၁၆၄ ေဒၚလာ)၊ ၁,၂၉၉ ယြမ္ (၁၇၇ ေဒၚလာ)၊ ၁,၄၉၉ ယြမ္ (၂၀၅ ေဒၚလာ)နဲ႔ ၁,၆၉၉ ယြမ္ (၂၃၂ ေဒၚလာ) အသီးသီး သတ္မွတ္ထားပါတယ္။ တ႐ုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။
Ref : gizmochina

#DigitalTimes

=========================

108MP ကင်မရာ ပါတဲ့ ဈေးချိုတဲ့ Redmi Note 13 ကို ကြေညာ

Xiaomi က တရုတ်မှာ Redmi Note 13 Series ကို ကြေညာလိုက်ပြီး အားလုံးထဲမှာ တန်ဖိုးအနည်းဆုံး Redmi Note 13 ကို ပြောပြချင်ပါတယ်။
Redmi Note 13 မှာ ၆.၆ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ FHD+ Resolution နဲ့ 1000 Nits Peak Brightness ပါပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။
အနောက်ဘက်က စတုရန်း ကင်မရာ Island မှာ 108MP Main, 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။
MediaTek Dimensity 6080 SoC မောင်းနှင်ထားပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 67W Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါလာပါတယ်။ Star Sand, Midnight dark နဲ့ Time blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။
6/128GB, 8/128GB , 8/256GB နဲ့ 12/256GB Version တွေ ထုတ်လုပ်ထားပြီး ၁,၁၉၉ ယွမ် (၁၆၄ ဒေါ်လာ)၊ ၁,၂၉၉ ယွမ် (၁၇၇ ဒေါ်လာ)၊ ၁,၄၉၉ ယွမ် (၂၀၅ ဒေါ်လာ)နဲ့ ၁,၆၉၉ ယွမ် (၂၃၂ ဒေါ်လာ) အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။
Ref : gizmochina

#DigitalTimes