Note 7 ကို လာရောက်လဲလှယ်ဖို့ ထပ်မံတိုက်တွန်း

14355081_1413579168657607_2430514072968315281_n

Samsung ဟာ Galaxy Note 7 ဝယ်ယူထားသူတွေ အမြန်ဆုံးလာရောက်လဲလှယ်ဖို့အတွက် ထပ်မံတိုက်တွန်း လိုက်ပါတယ်။ ဘဏ်နဲ့ချိတ်ဆက် ဝယ်ယူခဲ့ သူတွေ ကိုတော့ သူတို့ကိုယ်တိုင် ဆက်သွယ်ပြီး ပြန်လာလဲလှယ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန် ဖြစ်တာကြောင့် အစားလဲလှယ်ပေးမှုတွေကို လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ Samsung ကတော့ ၎င်းတို့ဟာ သုံးစွဲသူ လုံခြုံရေးကို ဦးစားပေးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ Galaxy Note 7 ကို ပြန်လည်လာရောက်လဲလှယ်ဖို့ တိုက်တွန်းလိုက်တဲ့ Samsung က ဈေးကွက်ထဲမှာ ဟန်းဆက်အလုံးရေ ဘယ်လောက်ဖြန့်ချိခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။


Leave a Reply