ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း ၄,၀၀၀ ခန့် ပြန်ဖွင့်

v7

ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ သည့်ဒေသများရှိ ယာယီပိတ်ထား ရသည့် အခြေခံပညာကျောင်း ၄,၀၀၀ ခန့် ပြန်လည်ဖွင့်လှစ်နေပြီး နောက်ကျသည့် သင်ခန်းစာများ ကို ပိတ်ရက်များတွင် အစားထိုး သင်ကြားမည် ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၃,၉၄၇ ကျောင်းကို သြဂုတ် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူ၊ ကျောင်းသားများကို ပြန်လည်သင်ကြားနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

‘‘ရေကြီးလို့ ပိတ်ထားရတဲ့ ကျောင်းတွေအကုန်လုံးကို ပြန်ဖွင့်ထားတယ်။ စုစုပေါင်း ၃,၉၄၇ ကျောင်းကို သြဂုတ် ၃၀ ရက်ကတည်းက ပြန်ဖွင့်ထားတယ်။ နည်းနည်းပါးပါးပျက်သွားတဲ့ကျောင်းတွေကို ပြန်ပြင်ပေးရတယ်’’ဟု အခြေခံ ပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများတွင် နောက်ကျသွားသည့် သင်ခန်းစာများကို ကျောင်းပိတ်ရက်များ၌ အစားထိုးပြန် လည်သင်ကြားရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သောကြောင့် ရေဘေးသင့်ဒေသများမှ အခြေခံပညာကျောင်းများကို ဇူလိုင်ကုန်မှ စတင်၍ ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။


Leave a Reply