Password သန်း ၅၆၀ ကျော်ပါဝင်တဲ့ database ကို လုံခြုံရေးသုတေသီများ ရှာဖွေတွေ့ရှိ

နာမည်ကျော်အွန်လိုင်း ဝန်ဆောင်မှုတွေက ခိုးယူထားတဲ့ email နဲ့ password သန်း ၅၆၀ ကျော်ပါဝင်တဲ့ database တစ်ခုကို လုံခြုံရေး သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ database ကို Kromtech Security Research Center က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်အများစုကို Troy Hunt ရဲ့ Have I Been Pwned ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတာကြောင့် သုံးစွဲသူတွေက မိမိတိုရဲ့ account တွေ ထိန်းချုပ်ခံရမှု ရှိ၊ မရှိကို စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီ database ထဲမှာ ပါဝင်တဲ့ အချက်အလက်အများစုက LinkedIn, LastFM, Tumblr နဲ့ Dropbox တို့လို ဆိုက်တွေက အချက်အလက်တွေဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီဆိုက်တွေ လုံခြုံရေးကျိုးပေါက်စဉ်တုန်းက password မပြောင်းလဲထားသူတွေအနေနဲ့ အခုအချိန်က ကျိန်းသေပေါက် password ပြောင်းလဲရမယ့်အချိန် ဖြစ်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။

Ref: TheNextWeb