ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများ န၀မအကြိမ်မြောက် အစည်းအဝေးပြုလုပ်

စက်တင်ဘာ ၆၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်များနှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ န၀မအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ၆-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီမှချမှတ်ထားသော လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်းမှ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ပါတီစည်းရုံးရေးလှုပ်ရှားမှုများ၊ လူထုလှုပ်ရှားမှုအစီအစဉ်များအား ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်ပါတီများမှ လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်(၈)မြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် ကော်တီဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂:၃၀ နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။