မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် အောင်မြေသာစံ/မဟာအောင်မြေ/အမရပူရခရိုင်ပါတီများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေး ဖေဖော်ဝါရီ ၂၁

(၂၁.၂.၂၃)ရက်နေ့ နံနက်(၉:၃၀)အချိန်မှ (၁၃:၀၀)အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးပါတီနှင့် အောင်မြေသာစံ/မဟာအောင်မြေ/အမရပူရခရိုင်ပါတီများ လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ (၁၄.၂.၂၀၂၃)ရက်နေ့မှ(၁၆.၂.၂၀၂၃)ရက်နေ့အထိ ပါတီဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (၃)လတစ်ကြိမ်စုံညီအစည်းအဝေး (၂/၂၀၂၃)မှ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ်ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ပါတီတွင်းစည်းလုံးညီညွှတ်ရေး၊ ပြည်သူနှင့်ထိတွေ့ရာတွင် အသွင်သစ်ဖြင့် ဆက်ဆံရေးတည်ဆောက်သွားရေး၊ ပါတီဝင်ဟောင်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံရေး တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်မှ ပါတီရေးရာရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ဒုတိယရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိင်းအစည်းအဝေးသို ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အောင်မြေသာစံခရိုင်/မဟာအောင်မြေခရိုင်/ အမရပူရခရိုင် များ မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။