လူငယ်နှင့်အမျိုးသမီးများ၏ လူမှုစွမ်းရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဖွင့်လှစ်သော လူငယ်နှင့် အမျိုးသမီးများ၏ လူမှုစွမ်းရည် မြှင့်တင်မှုသင်တန်းကို ယခုလ ၆ ရက် မွန်းလွဲ ၁ နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ဖွင့်လှစ်ခဲ့ သည်။

၎င်းသင်တန်းတွင် ပြည်ခိုင် ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုး ပါတီ အရန်ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့်၊ မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဒေါ်လဲ့လဲ့အေး၊ မြို့နယ် ပါတီကော်မတီဝင်များ၊ သင်တန်း တာဝန်ခံ ဒေါ်အေးမြင့် (မြို့နယ် ကော်မတီဝင်)နှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၄ဝ ကျော် တက်ရောက်ခဲ့သည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)