မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် ကျောက်ဆည်ခရိုင်/တံတားဦးခရိုင်ပါတီများ တွေ့ဆုံပွဲပြုလုပ်

မန္တလေး ဖေဖော်ဝါရီ ၂၂

(၂၂.၂.၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှ (၁၃:၀၀)အချိန်ထိ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ မန္တလေးတိုင်းဒေသကြီးပါတီနှင့် ကျောက်ဆည်ခရိုင်/တံတားဦးခရိုင်ပါတီများတွေ့ဆုံပြီး ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်မှ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ (၁၄.၂.၂၀၂၃)ရက်နေ့မှ(၁၆.၂.၂၀၂၃)ရက်နေ့အထိ ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (၃)လတစ်ကြိမ်စုံညီအစည်းအဝေး (၂/၂၀၂၃)မှ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ်ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ပါတီတွင်းစည်းလုံးညီညွှတ်ရေး၊ ပြည်သူနှင့် ထိတွေ့ရာတွင် အသွင်သစ်ဖြင့်ဆက်ဆံရေးတည်ဆောက်သွားရေး၊ ပါတီဝင်ဟောင်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံရေး၊ ဒုတိယရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များအား အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တိုင်းဒေသကြီး ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ကျောက်ဆည်ခရိုင်ခရိုင်/တံတားဦးခရိုင်များမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။