Apple က iPhone 14 Series ကို မိတ်ဆက်

ဘာတွေ ပြောင်းလဲသွားလဲဆိုရင် လိုင်းမမိတဲ့အချိန် အရေးပေါ် Message ပို့နိုင်မယ့် ဂြိုလ်တုဆက်သွယ်ရေးစနစ် ပါလာတယ်။ Car Accident ဖြစ်တာမျိူးဆိုရင် အရေးပေါ် ဖုန်းခေါ်ပေးမယ့် Crash Detection ပါလာတယ်။

A16 Chip သုံးထားတဲ့ Pro မော်ဒယ်တွေမှာ Notch အစား Punch-hole ကြီး ပါလာတယ်။ Dynamic Island လို့ခေါ်တဲ့ Punch-hole ကြီးကို ဖုံးဖို့ Animation လေးနဲ့ လုပ်သွားတာတော့ တော်တော် ချစ်ဖို့ ကောင်းပါတယ်။ 48MP Camera ပါလာတယ်။

Base မော်ဒယ် စျေးနှုန်းတွေကတော့

 

iPhone 14 – $799

iPhone 14 Plus – $899

iPhone 14 Pro – $999

iPhone 14 Pro Max -$1099  ဖြစ်ပါတယ်။