လကမ္ဘာခရီးစဉ်အတွက် ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု ဒုံးအင်ဂျင်ပြဿနာအချို့ကြောင့် နာဆာရွှေ့ဆိုင်း

အမေရိကန်အာကာသအေဂျင်စီ(နာဆာ)မှ သိပ္ပံပညာရှင်များသည် လကမ္ဘာခရီးစဉ်သို့ သွားရောက်မည့် ခရီးစဉ်အတွက် ဒုံးပျံစမ်းသပ် ပစ်လွှတ်ရန် ဩဂုတ် ၂၉ ရက်တွင် စီစဉ်ထားသော်လည်း လွှတ်တင်မှုကို ရွှေ့ဆိုင်းခဲ့ရသည်။လူလိုက်ပါခြင်းမရှိသည့် Artemis I မစ်ရှင်အတွက် ဖလော်ရီဒါရှိ ကနေဒီအာကာသစခန်းမှ လွှတ်တင်ရန်စီစဉ်ခဲ့ သော်လည်း အင်ဂျင် ပြဿနာအချို့ရှိသဖြင့် လွှတ်တင်မှုကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

အဆိုပါဒုံးပျံကို နောက်တစ်ကြိမ်လွှတ်တင်ရန် အချိန်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း စက်တင်ဘာ ၂ ရက်တွင် ထပ်မံလွှတ်တင်သွားဖွယ်ရှိကြောင်း နာဆာတာဝန်ရှိသူများက ပြောသည်။နောက်တစ်ကြိမ် စမ်းသပ်လွှတ်တင်ရန် အချိန်ကိုသတ်မှတ်ခြင်း မပြုမီ ဒုံးပျံနှင့်ပတ်သက်၍ အချက်အလက် အားလုံးကို ပြန်လည်သုံးသပ် စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။နာဆာသည် ၂၀၂၅ ခုနှစ်တွင် လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများကို ပြန်လည်စေလွှတ်ရန် အဆိုပါဒုံးပျံကို အသုံးပြုရန် မျှော်လင့်နေကြသည်။

ကိုးကား – အင်န်အိတ်ချ်ကေ