စမတ်ဖုန်းအား ထိန်းချုပ်နိုင်မည့် စမတ်တက်တူး တစ်မျိုးအား မိုက်ခရိုဆော့ဖ်နှင့် အမ်အိုင်တီတို့မှ စမ်းသပ် တီထွင်

လော့အိန်ဂျလိစ် ၊ သြဂုတ် ၁၄

နည်းပညာကုမ္မဏီနှစ်ခုဖြစ်သော မိုက်ခရိုဆော့ဖ်နှင့် အမ်အိုင်တီတို့မှ လူခန္ဓာကိုယ်ပေါ်တွင် ယာယီကပ်ခွာ စမတ် တက်တူးဖြင့် စမတ်ဖုန်းများအား ထိန်းချုပ်နိုင်သည့် နည်းပညာသစ်တစ်ရပ်အား တီထွင်စမ်းသပ်ခဲ့ကြောင်း သိရသည်။

Smart Tatti

အဆိုပါတက်တူးမှာ ခန္ဓာကိုယ်ပေါ်တွင်ကပ်၍ စမတ်ဖုန်းနှင့်ချိတ်ဆက်ကာ အသုံးပြုရမည်ဖြစ်ပြီး စမတ်ဖုန်းအား အဝေးတွင်ထား၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းတက်တူးနည်းပညာသည် အမ်အိုင်တီမှ ပီအိတ်ခ်ျဒီ ကျောင်းသားများနှင့် မိုက်ခရိုဆော့ဖ်ရှာဖွေရေးအဖွဲ့တို့ ပူးပေါင်းကာ တီထွင်ထားခြင်းဖြစ်ကြောင်း သိရသည်။

တက်တူး ဒီဇိုင်းများမှာ ဖက်ရှင်ကျကျ ဒီဇိုင်းများဖြင့်ပြုလုပ်နိုင်မည်ဖြစ်ပြီး ပုံမှန်အားဖြင့် လျှပ်စီးပတ်လမ်းသဏ္ဍာန် တက်တူးပုံစံများဖြင့် တီထွင်ထားခြင်းဖြစ်ကြောင်း သိရသည်။

စမတ်ဖုန်းများအပြင် ကွန်ပျူတာများတွင် ယင်းနည်းပညာအား အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရပြီး တို့ထိ မျက်နှာပြင်တစ်ခုသဖွယ် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

Ref: The Verge

‪#‎Democracytoday


Leave a Reply