TikTok ကို ရောင်းရင်ရောင်း၊ မရောင်းရင် ပိတ်ပင်မယ်လို့ အမေရိကန် သတိပေး

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok ကို အမေရိကန်နိုင်ငံထံ ရောင်းရင် ရောင်း၊ မရောင်းရင် ပိတ်ပင်မယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။ ဒီသတင်းကို Wall Street Journal က စတင်ဖော်ပြခဲ့တာဖြစ်ပြီး ByteDance ကုမ္ပဏီဘက်ကလည်း အတည်ပြုခဲ့ပါတယ်။

အသုံးပြုသူသန်းချီရဲ့ ဒေတာတွေ ပိုင်ဆိုင်ထားတဲ့ TikTok ဟာ အမျိုးသားလုံခြုံရေးအန္တရာယ်ရှိတယ်လို့ အမေရိကန် အရာရှိတွေက စွပ်စွဲခဲ့ကြပြီး အဲဒီဒေတာတွေက တရုတ်အစိုးရလက်ထဲ ရောက်ရှိသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ TikTok ကို ရောင်းချဖို့ ဖိအားပေးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။  -Ref:BBC