50MP ကင်မရာ ပါတဲ့ Redmi 10 5G ကို ကြေညာ

Redmi က ထိုင်းနဲ့ အင်ဒိုနီးရှားမှာ Redmi 10 5G ကို ကြေညာလိုက်ပါတယ်။ တန်ဖိုးနည်း 5G ဖုန်း ဖြစ်ပြီး ၆.၅၈ လက်မ IPS LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ပါလာပြီး Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Dimensity 700 Chip မောင်းနှင်ထားပြီး Android 12 အခြေပြု MIUI 13 ထည့်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 18W Charging ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ AI Face Unlock ပါပါတယ်။

dual SIM support, Wi-Fi 802.11ac, Bluetooth 5.1, NFC, GPS, a USB-C port နဲ့ 3.5mm audio jack စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး အရွယ်အစား အပြည့်အစုံက 163.99 x 76.09 x 8.9mm နဲ့ အလေးချိန်က ၂၀၀ ဂရမ် ရှိပါတယ်။ Redmi 10 5G ဟာ တရုတ်မှာ မတ်လက ကြေညာခဲ့တဲ့ Redmi Note 11e နဲ့ တူညီပါတယ်။

Redmi 10 5G 4/128GB နဲ့ 6/128GB ကို ၁၈၀ ဒေါ်လာ၊ ၁၉၄ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၃၃၀,၀၀၀ နဲ့ ၃၆၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ Aurora Green , Chrome Silver နဲ့ Graphite Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina