Xiaomi ရဲ့ Android One စမတ်ဖုန်းကို Mi A1 ဟုခေါ်ဆိုဖွယ်ရှိ

Xiaomi ဟာ Android One စမတ်ဖုန်းအတွက် Google နဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်ဆိုတာကို အားလုံးသိထားကြပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အဆိုပါဟန်းဆက်ရဲ့ အချက်အလက်အချို့ဟာ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်းတွေရဲ့အဆိုအရ Xiaomi ရဲ့ Android One စမတ်ဖုန်းကို Mi A1 ဟုခေါ်ဆိုဖွယ်ရှိပြီး full screen display ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းတွေဟာ Weibo post တစ်ခုကနေ ဓာတ်ပုံတွေနဲ့တကွ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီဟန်းဆက်ရဲ့တန်ဖိုးနဲ့ ရောင်းချမယ့်အချိန် အပါအဝင် အခြားအချက်အလက်တွေကို မသိရသေးပါဘူး။

-နောင်နောင်
Ref: GSMArena