Game Boy အား စမတ်ဖုန်းပေါ်တွင် ကစားနိုင်မည့် Smart Boy အမည်ရှိ လက်ကိုင်သစ်တစ်မျိုး ထုတ်လုပ်

လွန်ခဲ့သော ၁၀ နှစ်၊ ၁၅နှစ်ခန့်တွင်နာမည်ကြီးခဲ့သည့် Game Boy အမည်ရှိ လက်ကိုင်ဂိမ်းများကို ပြန်လည် ကစားနိုင်ရန် Hyperkin ကုမ္မဏီမှ Smart Boy အမည်ရှိ စမတ်ဖုန်းဖြင့် တွဲဖက်သုံးနိုင်သည့် လက်ကိုင် ခလုတ် တစ်မျိုးအား ထုတ်လုပ်ခဲ့ကြောင်း Android Authority သတင်းဌာနတွင်ဖော်ပြထားသည်။

13508857_1187032231327773_3603000554786063087_n

ယင်းလက်ကိုင်အား ပြီးခဲ့သောနှစ်တွင် ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအချိန်၌ အမှန်တကယ် ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။ ယင်း လက်ကိုင် ခလုတ်မှာ အရွယ်အစား ၅ လက်မနှင့် ၆ လက်မအတွင်းရှိသော မည်သည့်စမတ်ဖုန်းနှင့်မဆို အသုံးပြုနိုင်ပြီး E3 2016 ဂိမ်းပြိုင်ပွဲတွင် စတင်ပြသခဲ့ကြောင်းသိရသည်။

ယင်းခလုတ်တွင် ခလုတ်ငယ် ၈ ခုပါဝင်ပြီး Game Boy တစ်ခုအား အမှန်တကယ် ကစားနေရသကဲ့သို့ ခံစားမှု ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းဂိတ်ခလုတ်အား ကစားနိုင်ရန် ကစားမည့်ဖုန်းတွင် Emulator တစ်ခုခုတို့ကို အသုံးပြုထားမှသာ ကစားနိုင်မည်ဖြစ်သည်။

ပုံတွင်မြင်ရသည့်အတိုင်း S7 Edge ဖြင့် စတင်စမ်းသပ်မိတ်ဆက်ခဲ့ပြီး အခြားဖုန်းအမျိုးအစားများဖြင့်လည်း သုံးနိုင် ကြောင်း အထက်ပါသတင်းဌာနတွင် ဖော်ပြထားသည်။

Smart Boy ဖြင့် တွဲဖက်အသုံးပြုနိုင်ရန် အသုံးပြုမည့်ဖုန်းတွင် Android 4.4 (Kit Kat) အနိမ့်ဆုံး ရှိရမည်ဖြစ် သည်။

ထို့ပြင် ယင်းလက်ကိုင်ခလုတ်တွင် Micro USB အပေါက်တစ်ပေါက်ပါဝင်ပြီး ယင်းအပေါက်အား အပိတ်အဖွင့် အဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားနိုင်သည်။ Smart Boy လက်ကိုင်ခလုတ်အား လာမည့် ဒီဇင်ဘာမတိုင်ခင်တွင် ကန်ဒေါ်လာ ၆၀ ဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း Android Authority သတင်းဌာနတွင် ထပ်မံဖော်ပြထား သည်။

Democracy Today


 


Leave a Reply