Browser ဈေးကွက်တွင် Internet Explorer ကိုကျော်တက်ကာ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့် Google

netmarketshare-web-browser-april-2016

Google Chrome သည် desktop browser အသုံးပြုမှုအားလုံးတွင် ဈေးကွက်ဝေစု ၄၁.၆ ရာခိုင်နှုန်း ရှိကြောင်း ဝက်ဘ်သုံးစွဲမှု ခြေရာခံကုမ္ပဏီ NetMarketShare က ဧပြီလ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ ယခုအခါတွင် Google သည် browser အသုံးပြုမှုတွင် Microsoft ထက်ကျော်လွန်၍ ပထမနေရာကို ရယူနိုင်ပြီ ဖြစ်သည်။ Google Chrome အသုံးပြုမှုသည် မတ်လတွင် ၂.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး Microsoft ၏ Internet Explorer မှာ .၃ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။

Microsoft Explorer သည် နှစ်လအတွင်း ၄၁.၄ ရာခိုင်နှုန်းမှ ၄၁.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ NetMarketShare သည် ကမ္ဘာတစ်ဝန်းရှိ အခြား အင်တာနက် traffic အသုံးပြုမှု အချက်အလက်များကို ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခြားကိန်းဂဏန်းများအရ Google သည် လွန်ခဲ့သည့် လအနည်းငယ်ကပင် Microsoft ကိုကျော်လွန်သွားခဲ့ကြောင်း သိရသည်။ Google နှင့် Microsoft တို့သည် ထိပ်ဆုံးနေရာရရှိရန် အပြိုင်အဆိုင်အားထုတ် နေကြသောကြောင့် အခြားပြိုင်ဘက်များမှာ လိုက်မမှီတော့ပေ။ Firefox သည် ၎င်းတို့နှစ်ခု၏ နောက်တွင် သုံးစွဲမှု ၉.၇၆ ရာခိုင်နှုန်းသာသာဖြင့် ရပ်တည်နေသလို Safari မှာ ၄.၉၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

 Opera နှင့် Konqueror တို့၏ နှစ်ခုပေါင်း ဈေးကွက်ရှယ်ယာမှာ၂ ရာခိုင်နှုန်းပင်မရှိပေ။ Firefox မှတစ်ပါးအခြား browser များအားလုံး သုံးစွဲမှုနည်းပါးသော်လည်း ၂၀၁၅ ခုနှစ် ဇွန်လနောက်ပိုင်းတွင် သုံးစွဲမှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ သို့ရာတွင် Internet Explorer သုံးစွဲမှုနှုန်းမှာ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း Microsoft သည် desktop browser ဈေးကွက်ထက်ဝက်ကို ကြီးစိုးထားသော်လည်း နောက်ပိုင်းတွင် သုံးစွဲမှုနှုန်းမှာ တိုးတက်လာခြင်း မရှိတော့ပေ။ Ref: DailyMail


Leave a Reply